စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြီးပြည့်စုံပါစေ♥

Sunday, April 21, 2013

မိမိ Blog တွေ Web Site တွေမှာ Music Player ဒီဇိုင်းလန်းလန်းလေးထည့်သွင်းပြီး အသုံးပြုချင်တဲ့သူတွေအတွက်ပါ။

Fig ~ 1
အခု တစ်လော ကျွန်တော့ Facebook က Group မှာကော တခြား Group တွေမှာကော Blog တွေ Web Site တွေ ဖွင့်လိုက်ရင် အဲ့ဒီ Blog တွေ Web Site တွေကနေ သီချင်းတွေ Auto လာနေတဲ့ Music Player လှလှလေးနဲ့ ဒီဇိုင်းလန်းလန်းလေးတွေ အသုံးပြုချင်တဲ့ Blogger သမားလေးတွေ Web Development သမားလေးတွေ အတွက် ကျွန်တော့ Blog လေးရဲ့ ညာဘက်အပေါ်နားလေးမှာ ဆင်ထားတဲ့ ပုံစံမျိုးလေး ကိုယ့် Blog , Web Site မှာလဲ တန်ဆာဆင်ခြင်ပါတယ်ဆိုရင်တော့ ကျွန်တော် အသုံးပြုနည်းလေးကို အသေးစိတ်မဟုတ်ခဲ့ရင်တောင် စာဖတ်ပရိတ်သတ်တို့ နားလည်ရလွယ်ကူအောင် သေချာရှင်းပြပေးပါ့မယ်ဗျာ။ပုံလေးတွေနဲ့ စာလေးတွေနဲ့ပေါ့ဗျာ။အရင်ဦး ဆုံး ကျွန်တော်တို့က www.podsnack.com ကို သွားလိုက်ပါ။ပြီးရင် အောက်ကပုံလေးအတိုင်း Bulid a playlist ဆိုတဲ့စာတန်းလေးကို Click တစ်ချက်နှိပ်ပြီးဆက်သွားလိုက်ပါ။


Fig ~ 2

ပြီးသွားရင်တော့ ကျွန်တော်တို့ Sign In ၀င်ရမှာ ဖြစ်ပါတယ်ဗျာ။ဒီ Web Site လေးရဲ့ ထူးခြားချက် တစ်ခုကတော့ Sign Up လုပ်စရာမလိုပဲ အသုံးပြုသူက Facebook , Google Mail , Twitter Account တစ်ခုခုရှိရမှာဖြစ်ပြီး အဲ့ဒီ Account တွေထဲက ကိုယ်အဆင်ပြေတဲ့ မိမိစိတ်ကြိုက် Account တစ်ခုနဲ့ Sign In With Facebook, Google, Twitter တစ်ခုခုနဲ့ ၀င်လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့။

Fig ~ 3