 |
| Fig ~ 1 |
အခု တစ်လော ကျွန်တော့ Facebook က Group မှာကော တခြား Group တွေမှာကော Blog
တွေ Web Site တွေ ဖွင့်လိုက်ရင် အဲ့ဒီ Blog တွေ Web Site တွေကနေ သီချင်းတွေ
Auto လာနေတဲ့ Music Player လှလှလေးနဲ့ ဒီဇိုင်းလန်းလန်းလေးတွေ
အသုံးပြုချင်တဲ့ Blogger သမားလေးတွေ Web Development သမားလေးတွေ အတွက်
ကျွန်တော့ Blog လေးရဲ့ ညာဘက်အပေါ်နားလေးမှာ ဆင်ထားတဲ့ ပုံစံမျိုးလေး ကိုယ့်
Blog , Web Site မှာလဲ တန်ဆာဆင်ခြင်ပါတယ်ဆိုရင်တော့ ကျွန်တော်
အသုံးပြုနည်းလေးကို အသေးစိတ်မဟုတ်ခဲ့ရင်တောင် စာဖတ်ပရိတ်သတ်တို့
နားလည်ရလွယ်ကူအောင် သေချာရှင်းပြပေးပါ့မယ်ဗျာ။ပုံလေးတွေနဲ့
စာလေးတွေနဲ့ပေါ့ဗျာ။အရင်ဦး ဆုံး ကျွန်တော်တို့က
www.podsnack.com ကို သွားလိုက်ပါ။ပြီးရင် အောက်ကပုံလေးအတိုင်း Bulid a playlist ဆိုတဲ့စာတန်းလေးကို Click တစ်ချက်နှိပ်ပြီးဆက်သွားလိုက်ပါ။
 |
| Fig ~ 2 |
|
|
ပြီးသွားရင်တော့ ကျွန်တော်တို့ Sign In ၀င်ရမှာ ဖြစ်ပါတယ်ဗျာ။ဒီ Web Site
လေးရဲ့ ထူးခြားချက် တစ်ခုကတော့ Sign Up လုပ်စရာမလိုပဲ အသုံးပြုသူက Facebook
, Google Mail , Twitter Account တစ်ခုခုရှိရမှာဖြစ်ပြီး အဲ့ဒီ Account
တွေထဲက ကိုယ်အဆင်ပြေတဲ့ မိမိစိတ်ကြိုက် Account တစ်ခုနဲ့ Sign In With
Facebook, Google, Twitter တစ်ခုခုနဲ့ ၀င်လိုက်ပါ။အောက်က
ပုံလေးအတိုင်းပေါ့။
 |
Fig ~ 3
|
ပြီးသွားရင်တော့ အောက်က ပုံလေးထဲကအတိုင်း စာမျက်နှာကို
ရောက်သွားမှာဖြစ်ပါတယ်ဗျာ။အဲ့ဒီမှာ သူက ပေးထားတာက Youtube က သီချင်းတွေကို
Upload ပေးမှာလား။Computer ကသီချင်းတွေကို Upload ပေးမှာလား။ဒါမှ မဟုတ်
Record အနေနဲ့ တင်မှာလားဆိုပြီး 3 မျိုးပေးထားပါတယ်ဗျာ။အဲ့ဒီ Web Site လေးက
ဘယ်လိုပုံစံမျိုးလေးလုပ်ထားလဲ ဆိုတော့ ကျွန်တော်တို့ Online Radio တွေရဲ့
Style ပုံစံမျိုး ဖန်တီးရယူနိုင်ပြီး ကိုယ့် Blog, Web Site မှာလဲ Online
Radio တစ်ခုအနေနဲ့ လွှင့်တင်ပေးလို့လဲ ရပါသေးတယ်။
 |
| Fig ~ 4 |
အဲ့ဒီ မှာ မိမိ စိတ်ကြိုက်သီချင်းတစ်ပုဒ်ကို ရှာပြီး Upload တင်လိုက်ပါ။ဒါ
ပထမ အဆင့်လို့လဲ ပြောလို့ရပါတယ်။နောက် တစ်ခုကတော့ File Upload
တင်ပြီးသွားရင်တော့ နံပါတ် 2 အဆင့်အနေနဲ့ ကျွန်တော်တို့က ကိုယ်လိုချင်တဲ့
Music Player ရဲ့ Theme တွေ Music Player ရဲ့ Setting တွေကို မိမိ
စိတ်ကြိုက်ချိန်ညှိပေးရမှာဖြစ်ပါတယ်။Theme တွေကတော့ အများကြီးပါပဲ။မိမိ
စိတ်ကြိုက် Theme နဲ့ Colour တွေကိုရွှေးချယ်နိုင်ပါတယ်ဗျာ။အောက်မှာ
ကျွန်တော် ဓာတ်ပုံလေးနဲ့ နမူနာပြပေးထားပါတယ်ဗျာ။
 |
| Fig ~ 5 |
ပြီးသွားရင်တော့ ကိုယ်လိုချင်တဲ့ Theme ရယ် မိမိ စိတ်ကြိုက် Colour
ပြီးတော့ Music Player ရဲ့ Setting တွေကို ချိန်ညှိရပါမယ်။အောက်မှာ
ကျွန်တော် နမူနာချိန်ပေးထားတဲ့ ပုံလေးကို ကြည့်လိုက်ပါဦးဗျာ။
 |
| Fig ~ 6 |
အဲ့ဒီ မှာ မိမိစိတ်ကြိုက် Music Player ရဲ့ Setting တွေကို
ချိန်းနိုင်ပါတယ်။Music Player ရဲ့ Weight , Height တို့ ချိန်ပြီးပါက မိမိ
Music Player ကို Auto Play လုပ်မလား။ Loop လုပ်မလားပေါ့။နောက်တစ်ခုက မိမိ
Music Player ရဲ့ အသံထွက်အား Volume ကိုဘယ်လောက်
ထားမလဲဆိုတာကိုပေါ့။အားလုံး ကို မိမိ စိတ်ကြိုက်
ပြင်ဆင်နိုင်ပါတယ်ဗျာ။ပြီးသွားရင်တော့ နံပါတ် 3 အဆင့်ဖြစ်တဲ့ Finish ဆိုတဲ့
စာတန်းလေးကို Click လိုက်ရုံပါပဲ။ပြီးသွားရင်တော့ အောက်က ပုံလေးထဲက
စာမျက်နှာအတိုင်းရောက်သွားမှာဖြစ်ပါတယ်ဗျာ။
 |
| Fig ~ 7 |
ပြီးသွားရင်တော့ အလယ်က Embed ဆိုတဲ့ နေရာလေးကို Click
တစ်ချက်နှိပ်လိုက်ပါ။အဲ့ဒီမှာ Use Free (With Watermark) နဲ့ Next နဲ့
ရှိပါတယ်။Next ကို သုံးမယ်ဆိုရင်တော့ Premium membership အနေနဲ့
ပိုက်ဆံပေးပြီး အသုံးပြုရမှာဖြစ်သလို Use Free ကို သုံးမယ်ဆိုရင်တော့
အလကားသုံးရမှာပေါ့ဗျာ။အောက်က ပုံလေးအတိုင်းရောက်သွားမှာ ဖြစ်ပါတယ်ဗျာ။
 |
| Fig ~ 8 |
အဲ့ဒီမှာ ကျွန်တော်တို့က Blog , Web Site တွေရဲ့ Slide Bar မှာအသုံးပြုမှာ
ဖြစ်လို့ iFrame (standard) Code တွေပဲယူသုံးမှာဖြစ်ပါတယ်။အဲ့ဒီမှာ
သူပေးထားတဲ့ Code တွေကို Copy ကူးယူပြီး ကျွန်တော် နမူနာအနေနဲ့ Blogspot
ကနေပဲ ရှင်းပြပါ့မယ်ဗျာ။ခုနက ကူးယူထားတဲ့ Code တွေကို
1.Blogger Dashboard
2.Layout
3.Add A Gadget
4.Html/Javascript တို့တွင် Paste ကူးထည့်ပြီး Save လိုက်ယုံပါပဲ။ပြီးရင်
မိမိ Blog , Web Site တွေကိုဖွင့်ကြည့်လိုက်ပါ။ကျွန်တော့ Blog လေးမှာ
ဆင်ထားတဲ့ အတိုင်း သီချင်းတွေ မိမိထည့်သွင်းထားသလောက်
အဆက်မပြတ်လာနေမှာဖြစ်ပါတယ်ဗျာ။ဒါဆိုရင် မိမိ Blog , Web Site လေးကို
လာလည်ရင်း ဂီတသံစဉ်လန်းလန်းလေးတွေနဲ့ မိမိရဲ့ စာဖတ်ပရိတ်သတ်တွေကို
လာလည်ချင်လာအောင် နည်းလမ်းတစ်မျိုးနဲ့
စွဲဆောင်နိုင်မှာဖြစ်ပါတယ်ဗျာ
(
Yekyawphyo)
No comments:
Post a Comment